VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ခြံစည်းရိုးချိန်းလင့် ကာရံခြင်းလုပ်ငန်းအခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မိုင်းလွေကျေးရွာအတွင်း ခြံစည်းရိုးချိန်းလင့် ကာရံခြင်းလုပ်ငန်းအခြေအနေအား နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်လင်းထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက VDP ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေ (၃)သန်းဖြင့် (၁၂၀'x ၅') ခြံစည်းရိုးချိန်းလင့် ကာရံခြင်းလုပ်ငန်း (၇၅)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရန်နှင့် သတ်မှတ်စံချိန်၊ စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး