အမရပူရမြို့တွင် လူငယ်ရေးရာ၊ မူးယစ်ဆေးဝါး အသိပညာပေးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

အမရပူရ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းတိုက်နယ်၊ နဂါးအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက လူငယ်ရေးရာအကြောင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှန်တန်းရပ်နဂါး အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသိန်းတင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဦးစီးအရာရှိက လူငယ်ရေးရာနှင့် မူးယစ်ဆေးဝါးအကြောင်း ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်စေရန် စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)