ခိုလမ်မြို့အတွင်းရှိ Ammoniun Nitrate ပါဝင်သည့် ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ခိုလမ် နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ခိုလမ်မြို့အတွင်းရှိ Ammoniun Nitrate ပါဝင်သည့် ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇင်မင်းဦးနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးလောင်မှုကြောင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက်  Ammoniun Nitrate ပါဝင်သည့် ဓာတ်မြေသြဇာများ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသည့်ဆိုင်များ၏ ဆိုင်အမည်၊ ပိုင်ရှင်အမည်၊ တည်နေရာ၊ အဆောက်အဦအမျိုးအစား (အကျယ်အဝန်းအသုံးပြုပုံ) ပတ်ဝန်းကျင် (အဆောက်အဦးနှင့်လုပ်ငန်းများ)၊ သိုလှောင်ဖြန့်ဖြူးရောင်းချမှုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ စက်သုံးဆီနှင့် ဂက်စ်သိုလှောင်မှုရှိ/မရှိ၊ လေဝင်လေထွက်စီမံမှုရှိ/မရှိ၊ အလေအလွင့်စွန့်ပစ်သော နေရာထားရှိခြင်းရှိ/မရှိ၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားမှု အခြေအနေ၊ မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှုစသည့် နေရာများကို လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)