သံဖြူဇရပ် နိုဝင်ဘာ ၈
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကိုနိုဝင်ဘာ ၇ ရက်နေ့က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးချုပ်မှပေးပို့သော ဌာန၏သမိုင်းကြောင်း Vedio Clip အားပြသပြီး ၀န်ထမ်းများအားဗလာမပါ ကံစမ်းမဲများဖောက်ပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပျော်ရွှင်စွာပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြိူ့နယ် (ပြန်/ဆက်)