မုဒုံ နိုဝင်ဘာ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များထံမှ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းနှင့်ဇနီး၊ ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မုဒုံမြို့နယ်ထွေ/အုပ် အငြိမ်းစား သက်ကြီးဝန်ထမ်း (၁၈)ဦးအား ကန်တော့ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Vedio Clip ပြသခြင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆင်တူအင်္ကျီများ ပေးအပ်ခြင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခြင်း၊ ဗလာမပါ ကံစမ်းမဲနှိုက်ခြင်းနှင့် ပါဆယ်ဂိမ်းလဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)