မြို့သစ် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲကို ယမန်နေ့ မွန့်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade(4)၊ Grade(5) ကျောင်းသားကျောင်းသူ (၂၈) ဦး ဝင်ရောက်ယှဥ်ပြိုင်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက မေးခွန်းများမေး၍ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက အလှည့်ကျ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)