မိုးမောက်မြို့၌ စာအုပ်အသစ်များ မိတ်ဆက်ခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုးမောက် နိုဝင်ဘာလ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ ထပ်မံရောက်ရှိသည့် စာအုပ်အသစ်များမိတ်ဆက်ခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက မြို့နယ်ပြည်သူ့ စာကြည့်သည် လူတန်းစားမရွေး၊ လူမျိုးမရွေး/ဘာသာမရွေး အသုံးပြုနိုင်ကြောင်းနှင့် အသစ် အသစ်သော စာအုပ်စာစောင်များမှ အသိပညာ/အတတ်ပညာ ဗဟုသုတများ ရှာဖွေနိုင်မည်ဖြစ်ပြီး မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှင်သန်ထက်မြက်စေရေး၊ စာဖတ်ခြင်းမှသည် လူ့အဆင့်အတန်း မြင့်မားလာစေရေး စသည် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ ရောက်ရှိလာသော စာအုပ်စာစောင်များ မိတ်ဆက်ခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ စာအုပ်စာစောင်များကို မွန်းလွဲ ၂ နာရီ ၃၀ ချိန်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး စာအုပ်စာစောင်ပြပွဲသို့ အ.မ.က (၃) မူလွန်ကြေးနန်းကျောင်းမှ ကျောင်းသူ/သားများ၊ စာပေ ချစ်မြတ်နိုးသူများနှင့် စာဖတ်ပရိတ်သတ်များ စုစုပေါင်း (၃၅)ဦးခန့်က စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်