လဲချား နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျင်းပခဲ့သည်။ ကျောင်းသားလူငယ်များ စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး၊ ဘက်စုံဖွံ့ဖြိုးရေးအတွက် ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကျင်းပမည့် ကာလမှာ နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိဖြစ်ကြောင်း အခြေခံပညာ ကျောင်းသားအားစားပွဲတော်ကျင်းပရေးကော်မတီထံမှ သိရှိရသည်။
အဆိုပါ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ပြီး၊ မြို့နယ်အဆင့် ရွေးချယ်ခံရသော အားကစားသမားကောင်းများသည် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)