မိုးမောက် နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီတွင် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ လူငယ် စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲ လုပ်ငန်းများဖြင့် ကျောင်းသား/သူများ၊ မိဘပြည်သူများသို့ အသိပညာ၊ အတတ်ပညာ ဗဟုသုတတိုးမြင့် သိရှိစေရေး ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ် ပြန်/ဆက်ဒု-ဦးစီးမှူး ဒေါ်သဲစုမိုးက စာကြည့်တိုက်အမျိုးအစား (၄)မျိုးအကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်၏ လုပ်ငန်းများအကြောင်း ဟောပြောပြီး မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက မီးလောင်ရန်ဖြစ်ပေါ်စေသည့်အကြောင်း ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ မီးငြိမ်းသတ်ခြင်းအကြောင်း ဟောပြောခြင်းနှင့် ကယ်ဆယ်ရေး ဝတ်စုံ၊ မီးသတ်ဝတ်စုံ၊ ပြည်သူ့အကျိုးပြု ရုံးလုပ်ငန်းဝတ်စုံများ ဝတ်ဆင်သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အ.မ.က (၃) မူလွန်ကြေးနန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်