(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနား ဘီးလင်းမြို့နယ်၌ ကျင်းပ

ဘီးလင်း နိုဝင်ဘာ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူ   ဆောက်တည်ကြပြီး ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများက ရှင်ဥပဂုတ္တကျောင်းဆောင် ရေကန်အတွင်းသို့ ငါးများအား ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ (၃၅) နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးက ၀န်ထမ်းများအားဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင်ယူသွားသော အငြိမ်းစားဝန်ထမ်းများအား ပူဇော်ကန်တော့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြိူ့နယ် (ပြန်/ဆက်)