လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက်  နိုဝင်ဘာ ၆ ရက်နေ့ နံနက်(၉)နာရီ၌ အမှတ် (၃)ရပ်ကွက် နတ်ရှင်နောင်လမ်း အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ်(၁၈)တွင် ကျောင်းသား၊ ကျောင်းသူများ သက်ရှည်ကျန်းမာစေရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းပတ်၀န်းကျင်အတွင်း အပြင်ကျောင်းခန်းများ၌ ခြင်ဆေးမှုတ်ခြင်း၊ ရေတွင်းရေကန်များ အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းပတ်၀န်းကျင်အနီး အမှိုက်သရိုက်များနှင့် ရေမြောင်းများ ဆယ်ယူခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲဝင် (၁၈၂)ဦးတို့ စုပေါင်း၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သက်ရှည်ကျန်းမာရေးတို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစောင်များကို စည်ပင်သာယာရေးအဖွဲ့မှ ပေးအပ်လျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးမှ လက်ခံလျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ (ပြန်/ဆက်)