လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်း ငှားရမ်းပေး

လဲချား နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။

ထိုသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့် ဝန်ထမ်းများမှ မြို့နယ်ဉပဒေရုံးသို့ သုတ၊ ရသ စာအုပ်၊စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)