ကျောက်တန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် အခြားမြို့နယ်များမှ မဲဆန္ဒရှင်မှ ကြိုတင်ဆန္ဒမဲများပေး

ကျောက်တန်း  အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် အခြားမြို့နယ်များမှ မဲဆန္ဒရှင်မှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းက ကြိုတင်မဲပေးရာတွင် သတိပြုရမည့်အချက်များ၊ မိမိတို့၏ ဆန္ဒမဲလက်မှတ်များ မဆုံးရှုံးစေရန် အထူးသတိပြုရန် လိုအပ် ပါကြောင်းနှင့် ယခုကြိုတင် ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်များသို့ ချက်ချင်းပေးပို့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များက ဆန္ဒမဲများပေးရာတွင် သန်လျင်မဲဆန္ဒနယ်သို့(၅) ဦး၊ ပျဉ်းမနား မဲဆန္ဒနယ်သို့(၂)ဦး၊ ပဒေါင်းမဲဆန္ဒနယ်သို့(၁)ဦး၊ ဥတ္တရသီရိမဲဆန္ဒနယ်သို့ (၁) ဦး၊ ဇဗ္ဗူသီရိ မဲဆန္ဒနယ်သို့(၂)ဦး၊ တွံတေးမဲဆန္ဒနယ်သို(၁) ဦး၊မြောင် မဲဆန္ဒနယ်သို့ (၃) ဦး၊ သဲကုန်း မဲဆန္ဒနယ်သို့(၁) ဦး၊ တောင်ဥက္ကလာမဲဆန္ဒနယ်သို့ (၁) ဦး၊ အင်းစိန်မဲဆန္ဒနယ်သို့(၁)ဦးနှင့် ကော့မှူးမဲဆန္ဒနယ်သို့ (၁) ဦး  စုစုပေါင်း မဲဆန္ဒရှင် (၁၉) ဦးက  သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးသို့ ကြိုတင်ဆန္ဒမဲများ ဆန္ဒပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲစာအိတ်များအား  ဆန္ဒရှင်များ၏ ရှေ့မောက်၌ ချိတ်ပိတ်ခြင်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)