ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူစက္ခုဒါနဆေးရုံတော်(ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိပ်ကုသ‌ပေး

ဒဂုံမြောက် နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊  သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌   မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိပ် ကုသ‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သီတဂူစက္ခုဒါနအလှူတော် အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်နီးရပ်ဝေးမှ မျက်စိဝေ‌ဒနာရှင်များ လာရောက်ကုသလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအထိ လူနာ ၁၀ ဦးခန့် စမ်းသပ်ကုသရန် စာရင်းပေးသွင်းထားကြောင်း၊ လာရောက်ကုသကြသော မျက်စိ‌ဝေဒနာရှင်များ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပရဟိတအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မျက်စိဝေဒနာရှင်လူနာများအား ကုသပေးမှုများကို နိုဝင်ဘာ   ရက်နေ့မှ  ၁ ရက်နေ့ထိ စမ်းသပ်ကုသပေးသွားမည်ဖြစ်‌ကြောင်း၊ ပထမအကြိမ် မျက်စိစမ်းသပ်ကြည့်ရှုကုသခြင်း အစီအစဉ်ကို ဧပြီ ၅ ရက်နေ့မှ ၁၀  ရက်နေ့အထိ၊ မျက်စိဝေဒနာရှင်(၁၄၆၈)ဦးအား စမ်းသပ်ကုသ မျက်စိအလင်းပေးလှူခဲ့ပြီး ဒုတိယအကြိမ် မျက်စိစမ်းသပ်ကြည့်ရှု ကုသခြင်းအစီအစဉ်ကို ဇွန်လ ၁၁ ရက်နေ့မှ ၁  ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်တွင် စမ်းသပ်ပြီး၍ ခွဲစိပ်ကုသရန် စာရင်းပေးထားသူများကို ယခုတတိယအကြိမ်တွင် ယနေ့မှစတင်၍ ကုသပေးသွားမည်ဖြစ်သည်။

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်) တတိယအကြိမ် မျက်စိအလင်းအလှူတော်တွင် မျက်စိကုသမှုခံယူကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား စက်တင်ဘာလအတွင်း စာရင်းပေးသွင်းရန် ခေါ်ယူထားခဲ့ပြီး စာရင်းပေးပြီးသူများကို ၈-၁၁-၂၀၂၃ နေ့မှစတင်၍ အစဉ်လိုက် ဖုန်းဆက်ခေါ်ယူကုသ‌ ပေးသွားမည်ဖြစ်‌ရာ တစ်နေ့လျှင် ပျမ်းမျှ ၄၀၀ ဦးခန့် ကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

မြင့်မြင့်ရီ