ဘီးလင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ‌ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အသိပညာပေးဟောပြေပွဲပြုလုပ်

ဘီးလင်း နိုဝင်ဘာ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှု လျော့ပါး ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘီးလင်းမြို့၊ အ-ထ-က(ကန်သာယာ) ကျောင်း မဟော်သဓာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးဦးတင်မွန်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးမြဦးက ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ကြက်ခြေနီအသင်းမှ ဒုတပ်ဖွဲ့မှူး ဦးကျော်စွာဝင်းက ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးစေရေးနှင့် ပတ်သက်၍ ပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက  သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူအသီးသီးတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက်  ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်ရုပ်ပုံများ အားဆေးရောင်ခြယ်သည့် ပန်းချီပြိုင်ပွဲ Grade -5 အဆင့်တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် ပဉ္စမဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုဥက္ကဌနှင့် တာဝန်ရှိသူအသီးသီးတို့က အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)