အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

သထုံ နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်က မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ဌာနနှစ်ပတ်လည်နေ့ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းအမှာစကားပြောကြားပြီး လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား (၃၅)နှစ်မြောက် နှစ်ပတ်လည်‌နေ့ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကံစမ်းမဲဆုလက်ဆောင်များ ဖွင့်ဖောက်ပေးအပ်ခြင်းတို့ကို တပျော်တပါးပြုလုပ်ကျင်းပကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားသက်ကြီးဝန်ထမ်းဟောင်းများအား အိမ်တိုင်ယာရောက် လိုက်လံပူဇော်ကန်တော့ခဲ့ကြသည်။

အလားတူ သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ဝန်ထမ်းများစုပေါင်းကာ သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်များဆက်ကပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းဟောင်းများအား ပူဇော်ကန်တော့ခြင်း၊ နှစ်ပတ်လည်အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခြင်း စသည်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တပျော်တပါး ကျင်းပခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)