ညောင်ဦးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကပ်လှူခြင်းနှင့်ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲဖောက်ပေး

ညောင်ဦး နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ယမန်နေ့နံနက် ၆ နာရီအချိန်က ပင့်သံဃာ တော်အရှင်သူမြတ်များ အရုဏ်ဆွမ်းကပ်လှူခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖွင့်ဖောက်ပေးခြင်းများ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် လောကနန္ဒာစာသင်တိုက် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် (မဟာဂန္ထဝါစကလပဏ္ဍိတ) ဘဒ္ဒန္တနေဃိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်အရှင်မြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ဆရာတော်အရှင်သူမြတ်များကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဝန်ထမ်းများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ပြီးနောက် လောကနန္ဒာစာသင်တိုက် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် (မဟာဂန္ထဝါစကလပဏ္ဍိတ) ဘဒ္ဒန္တနေဃိယအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအတန်း ပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်သည်။

ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အဖြစ် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယနေ့ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖောက်ပေးမည်ဖြစ်ရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုအားပြသသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲ ဖောက်ပေးခြင်းများအပြင် အထူးဆု(၁၀)ဆုကိုလည်း တစ်ဆု တစ်သိန်းကျပ်ထည့်၍ ကံစမ်းမဲထည့်ပေးပြီး ကံစမ်းမဲနှိုက်၍ ကျင်းပခဲ့ရာ ဆုမဲတန်ဖိုး (၃၆၉၈၀၀၀)ကျပ်ဖိုးရှိ ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း