မြစ်ကြီးနား နိုဝင်ဘာ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်း သိမ်းနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ (ရသစ-၆) ပြုစုရေးဆွဲနည်း (ရက်တို) သင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငွေစာရင်းထိန်းသိမ်းနည်းလမ်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းများ (ရသစ-၆) ပြုစုရေးဆွဲနည်း(ရက်တို) သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချလိုက်သည့် ပို့ချ ချက်များကို မိမိတို့ဌာန၏ငွေစာရင်းများထိန်းသိမ်းရာတွင် လက်တွေ့ကျင့်သုံးပြီး နိုင်ငံတော်မှပေးအပ် သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် လိုကြောင်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ သင်တန်းနည်းပြများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ၊ သင်တန်းအရည်အချင်းစစ်စာမေးပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့သည်။
ယင်းနောက် အဆိုပါခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ် ပြည်နယ်ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများသည် အစိုးရအဖွဲ့၏ လက်တံများသဖွယ် အုပ်ချုပ်ရေးယန္တရားကို တာဝန် ယူဆောင်ရွက်နေသူများဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ပါကြောင်း၊ ဝန်ထမ်းမိသားစု များ အထောက်အပံ့ဖြစ်စေရေး ယခုလို ထောက်ပံ့ပေးရခြင်းဖြစ်ပြီး မကြာခဏ ထောက်ပံ့ပေးနိုင်ရေး အတွက်ကိုလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့်ဇနီးတို့က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်း ၂၆၂ ဦးတို့ အတွက် တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ (၃၀)လုံး၊ အာလူးနှင့် ကြက်သွန်နီ (၁)ပိသာစီတို့ဖြင့် ငွေကျပ် ၂၁၁၈၆၈၀၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်(စက်မှုဇုန်) ရပ်ကွက်အတွင်းရှိ ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်သည့် ဈေးရောင်းပွဲတော်သို့ သွားရောက်အားပေးကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဈေးဆိုင်ခန်းငယ်များဖြင့် အစားအသောက်များ ဖွင့်လှစ် ရောင်းချ ပေးလျက်ရှိရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာလည်ပတ်စားသောက်လျက် ရှိသည်။ ယင်းဈေးရောင်းပွဲတော်အနီးရှိ မိုးစပါးစိုက်ခင်းအတွင်း စပါးနှံများဖြင့် ရင့်မှည့်လျက်ရှိသည့် အပြင် ပင်မမြောင်း(အင်ဂျန်းခချောင်း)တစ်လျှောက်ဘေး ဝဲ/ယာကွန်ကရစ်လျှောက်လမ်းနှင့် ချောင်း အတွင်း ငါးများမွေးမြူထားရှိမှု၊ ပန်းများဖြင့် ပုံဖော်အလှဆင်ထားရှိမှုတို့ကို လာရောက်အပန်းဖြေ လည်ပတ်နေသူများဖြင့် စည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လာရောက် လည်ပတ်အပန်းဖြေသူများ၊ ဈေးဆိုင်များတွင် ဝယ်ယူစားသောက်နေသူများအား ရင်းရင်းနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့၍ ဈေးရောင်းပွဲတော်ကို တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်အတွင်းရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးဝင်းအတွင်း တည်ဆောက်သွားမည့် (၂)ထပ် RCC ဆိုင်ခန်း (၂၆) ခန်း တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြ ပြီး ပန္နက်ရိုက်တင်ပေးကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီတပ်ဖွဲ့ အနေဖြင့် လူမှုကရုဏာလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သည့် ရန်ပုံငွေများ ရရှိရေးနှင့် ရပ်ကွက်သာယာလှပလာစေရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုလို ဆိုင်ခန်းများ တည်ဆောက်ခြင်းဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေး ပြည့်ဝရန်လိုကြောင်းနှင့် ရရှိလာသော ရန်ပုံငွေများကို ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျအကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက အဆောက် အအုံသစ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်