လယ်ဝေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

လယ်ဝေး နိုဝင်ဘာ ၈

နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကြီးမှူး၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်သူက မြို့နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေအနေများအား အသိပညာပေးဆွေးနွေးသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဓာဝင်းထွန်းက ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးအတွက် အသိပညာပေးဟောပြောကာ ပလတ်စတစ်အမှိုက်နှင့် ပတ်သက်သည့် အသိပညာပေး Video အား ပြသခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)