၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပုံးမျာအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ပန်းတောင်း   အောက်တိုဘာ   ၂၂


၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ အောက်တိုဘာလ ၂၁ ရက်နေ့က ကြိုတင်ဆန္ဒမဲပုံးအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက် ခဲ့ရာ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တတ်ရောက် ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းအေးက ကြိုတင် မဲများရောက်ရှိလာပါက စနစ်တကျထားရှိဆောင်ရွက်ရမည့် အချက်အလက်များနှင့် ရောက်ရှိလာသည့် ကြိုတင်မဲလက်မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ လက်ခံထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် မဲပုံးများကို ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ ကိုယ်စားလှယ် များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်းသိရသည်။ 
သင်းသင်းအေး(ပြန်/ဆက်)