တနိုင်းမြို့၌ (၃၅) နှစ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းနှင့်လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနိုင်း နိုဝင်ဘာ ၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနိုင်းခရိုင်နှင့် တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းကာ ယနေ့ နံနက် (၉) နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမတွင် ဆွမ်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဗဟိုမြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒနာလင်္ကာရထံမှ ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်တို့ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များ နာကြားကြသည်။

ဆက်လက်၍ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းပြီး ဗဟိုမြို့မကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

 မနောမြေ(တနိုင်း)