ကျိုက်မရော နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၅ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးဦးနှင့်ဝန်ထမ်းများက ဘုရားကြီးကျောင်းတိုက်ဆရာတော်ဘဒန္တဝါရီန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးဦးက (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုဝန်ထမ်းများအား ချီးမြှင့်ခဲ့ပြီး နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား နံနက်စာဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)