လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်မှု မရှိသူများအား ခုဝယ်၊ခုတပ်စနစ်ဖြင့် တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၂၂


ရန်ကုန်အနောက်ပိုင်းခရိုင်၊လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပေးချက်များနှင့်အညီ နှာခေါင်းစည်း Mask များ တပ်ဆင်သည့် အလေ့အကျင့်များ ရရှိစေရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းကို  အောက်တိုဘာ လ(၈) ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက  စျေးများနှင့် အနော်ရထာလမ်းတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်တို့ ပူးပေါင်း ၍   အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊  Mask များ  အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ပြီး  Mask တပ်ဆင်ခြင်း မရှိပဲ သွားလာနေသူများ၊ ဈေးသည်၊ ဈေးဝယ် များ၊ ဖြတ်သန်းသွားလာနေသောမော်တော်ယာဉ်များအား  Mask တစ်ခုကို  ၂၀၀ ကျပ် နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ကိုနေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ၂၁-၁၀-၂၀၂၀ ရက်နေ့ထိ အတည်ပြုလူနာ (၆၄၀)ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှပြန်ဆင်းလာသူ(၃၉၁)ဦး၊သေဆုံးသူ(၂၈)ဦးရှိကြောင်းသိရသည်။
 ကျော်ဆန်းမြင့်