ကလော နိုဝင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွှဲ ၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိ၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးစသည့် ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းအကျိုးကျေးဇူးတို့ကို ပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်မှ အခန်းပေါင်း (၂၀)ခန်းပါရှိသည့်အထဲမှ Book Club အဖွဲ့ဝင် ဒေါ်ပြည့်ဖြိုးကြွယ်က “စာဖတ်ကျင့်”ခေါင်းစဉ်ဖြင့် စာအုပ်ပါ အကြောင်းအရာများကို လည်းကောင်း၊ စာပေချစ်မြတ်နိုးသူအသင်းမှ ဒေါ်သီတာဝင်းက “ကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်နည်း” ခေါင်းစဥ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးကြရာ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန်ဝေဖန်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)