မန်ကန် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မန်ကန်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန်ကန်မြို့၊ မြို့မဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခံယူခြင်း၊ ရဟန်းသံ ဃာတော်များအား ဆွမ်းနှင့် လူဖွယ်ဝတ္တူများ ဆက်ကပ်လှူဒါနန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ထမင်း၊ ဟင်းများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။