တပ်ကုန်း နိုဝင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး တောင်သူများ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ အခြားပဲများနှင့် နှမ်း၊ နေကြာသီးနှံများကို ၄၁၄၅၄ ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မိုးရေအစိုဓာတ်၊ ဆည်ရေ၊ မြေအောက်ရေများနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုပြီး၊ ပဲတီစိမ်း ၃၇၁၅ ဧက၊ မတ်ပဲ ၁၆၆၀ ဧက၊ ကုလားပဲ ၈၅၀ ဧက၊ ပဲကြီး ၉၇၀၀ ဧက၊ အခြားပဲ ၂၂၀ ဧက၊ မြေပဲ ၁၁၂၇၂ ဧက၊ နှမ်း ၁၃၀၀၀ ဧက၊ နေကြာ ၁၀၃၇ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်