ကမာရွတ် အောက်တိုဘာ ၂၂
ကိုဗစ် - ၁၉ ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက် ရှိရာ ပြည်သူများအစားအသောက် များအဆင်ပြေစေရန် ကားများဖြင့် သားငါးကုန်စိမ်း များ ရောင်းချနေ၍ ရောင်းသူနှင့်ဝယ်ယူသူစားသုံးသူမိသားစုများအကြား အဆင်ပြေလျက် ရှိသည်။
အဆိုပါကိုဗစ် - ၁၉ ကာလအတွင်း စျေးရောင်းသူနှင့် ဝယ်သူအကြား လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ကမာရွတ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် ပျံကျ စျေးသည်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကာ ခင်းကျင်း ရောင်းချစေရန်နှင့် ဝယ်သူအနေဖြင့်လည်း နှာခေါင်းစည်း Mask တပ်ခြင်း၊လူစုလူဝေးဖြင့် ဆိုင်ထိုင်စားသောက်ခြင်း ဝယ်ယူခြင်းများမဖြစ်ပေါ်စေရန် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးကော်မတီ အဖွဲ့မှ နေ့စဥ်ပညာပေး ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)