ကျိုက်မရော နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနော်ခမ်းက သင်တန်းကာလအတွင်း သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင်လေ့ကျင့်ကြရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။
အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျေးရွာအုပ်စု(၁၇)အုပ်စုမှ တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မိချို (ပြန်/ဆက်)