ကွမ်းခြံကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်းမြို့နယ် နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ်(၁/၂ဝ၂၃)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်မီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့်   မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိူးဟိန်းတို့က  မီးငြိမ်းသတ်ရေးဝတ်စုံများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၆၀)ဦး တက်ရောက်ကြောင်း သိရသည်။ သင်တန်းကို နိုဝင်ဘာလ (၆)ရက်နေ့ မှစတင်၍ ဒီဇင်ဘာလ (၁)ရက်နေ့အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)