ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာ အ-မ-ကမူလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်မားရေးကွင်းဆင်း ဆောင်ရွက်

ကွမ်းခြံကုန်း နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က သုံးခွကျေးရွာ အ-မ-က မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင်  ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အထရှိရေးအကြောင်း အရာများပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော နံရံကပ်စာစောင်များအား  ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးက စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်