ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း စားအုန်းဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မြို့နယ်နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်သူစားသုံးနိုင်ရေး ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ထိုသို့ရောင်းချပေးနေမှုအား  နိုဝင်ဘာ ၆ ရက် နေ့လည်ပိုင်းက မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိသည်။

ရောင်းချပေးရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅ဝိ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး၊ ယင်းသို့ရောင်းချပေးနေမှုအား ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိသည်။

အဆိုပါ စားအုန်းဆီရောင်းချပေးမှု အစီအစဥ်တွင် နေ့စဉ်ဆီပိဿာ (၅၅၀) အား မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကုန်စုံဆိုင်များတွင် နေ့စဉ် နံနက် ၆ နာရီမှစ၍ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။

ဝေယံ