မိတ္ထီလာ နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၂၀၂၃ ခုနှစ်၊ ယနေ့ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်၊ နဂါးရုံဘုရား သြဝါဒါစရိယဆရာတော် သဒ္ဓမ္မဝံသာရုံ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တနန္ဒဝံသနှင့် သံဃာတော်အရှင်မြတ်တို့အား ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ဇနီး ဒေါက်တာစောမြင့်ထူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်နှင့် တာဝန်ရှိသူများက ဆွမ်းဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်တို့ထံ လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ၎င်းနောက်နဂါးရုံဘုရား သြဝါဒါစရိယဆရာတော် သဒ္ဓမ္မဝံသာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တနန္ဒဝံသထံမှ အနုမောဒနာ တရားနာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှပေးပို့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပေါ်ပေါက်လာပုံသမိုင်းနှင့် ဌာနလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုဖိုင်အားပြသခဲ့သည်။ ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးမှ နိုင်ငံဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်ခဲ့သော ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ဇနီး ဒေါက်တာစောမြင့်ထူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်နှင့် တာဝန်ရှိသူတို့က မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှင့် ဆန်၊ ဆီ၊ တူညီဝတ်စုံများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)