ဆွမ်ပရာဘွမ် နိုဝင်ဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်း၌ ကလေးငယ်များ ငယ်ရွယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အဆိုပါကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဟောပြောပွဲကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က ပလပ်စတစ်၏ဆိုးကျိုးများ၊ ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့်အကြောင်း၊ ပလပ်စတစ်အန္တရာယ်မှ ကာကွယ်နိုင်ရန် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရှိ လူများဖြင့်သာ ဖြေရှင်းလို့ရသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်တောင်က စကော ကရင် ပကညောစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "ဝါးဝါးနှင့် ခွေးကလေး" ရုပ်ပြစာအုပ်နှင့် မိမိတို့ဒေသစကား(ကချင်)၊ မြန်မာနှစ်ဘာသာဖြင့် ဆွေးနွေးဖတ်ပြခြင်း ကျောင်းသား/သူများအား စာအုပ်/စာစောင်ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသပေးရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)