မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၇

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ အားကစားဝါသနားရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(သုခဝတီ)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေးသည်။

ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပူတွဲတတိယဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီး ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးပထမဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ  အခြေခံပညာကျောင်းများမှ အမျိုးသားခရစ်ကက်အသင်း()သင်းနှင့် အမျိုးသမီးခရစ်ကက်အသင်း()သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)