ပျဉ်းမနား နိုဝင်ဘာ ၇
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်အောင် (၂) ရပ်ကွက်ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးများအား BCG ရောဂါ ကာကွယ်ဆေး၊ OPV ရောဂါကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါဘီ ရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည် ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)