ပျဉ်းမနား နိုဝင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းထွန်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ အသင်းဝင်များက ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ အမှန်တကယ်လိုအပ်လျက်ရှိသည့် စားသုံးသူပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၃၀၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)