ပင်းတယ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် (၆) နာရီအချိန်က ပင်းတယမြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ကြွရောက်တော်မူလာကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား နံနက်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ဘုရားများအား ရှိခိုးကန်တော့ကြ၍ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ အနုမောဒနာ တရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)