မုဒုံ နို၀င်ဘာ ၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်များကျရာက်ပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာ၀ဘေးအပါအ၀င် အခြားသောဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊ ခေတ်ကာလနှင့်လျော်ညီသည့် မီးငြိမ်းသတ်ရေးနည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို သင်တန်းသားများ စနစ်တကျ လေ့လာသင်ယူကြရန်ပြောကြားခဲ့ပြီး တာ၀န်ရှိသူများက သင်တန်းသားများအား တူညီ၀တ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို နို၀င်ဘာ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ (၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)