မိုင်းရယ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်များ ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ကွင်းဆင်းရိတ်သိမ်းခဲ့ကြသည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မြင့်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်၊ တောင်သူ ဦးစိုင်းရွှေအောင်၊ အကွက်အမှတ် ၄၁ ကျောင်းကြီးရပ်၊ ဦးပိုင်အမှတ် ၁၄ တွင်လည်းကောင်း၊ တောင်သူ ဦးထွန်းအောင်၊ အကွက်အမှတ် ၄၁ ကျောင်းကြီးရပ်၊ ဦးပိုင်အမှတ် ၁၅ တွင်လည်းကောင်း၊ အမှတ် (၂)ရပ်ကွက်၊ တောင်သူဦးစိုင်းဘုန်းဟန်၊ အကွက်အမှတ် ၄၀၊ ဦးပိုင်အမှတ် ၅ တွင်လည်းကောင်း၊ ဆက်လက်၍ နားခိုအုပ်စု၊ တောင်သူ ဦးဆန်လိတ်၊ ကွင်းအမှတ်(၁၇) နားခိုမြောက်ကွင်း၊ ဦးပိုင်အမှတ် ၅ တွင်လည်းကောင်း စပါးစံကွက်များကို ကောင်း၊ သင့်၊ ညံ့ ခွဲ၍ ရိတ်သိမ်းခဲ့ကြသည်။
အဆိုပါ ရိတ်သိမ်းပြီးသော စပါးများကို တွက်ချက်၍ မြို့နယ်လုံးအဆင့် စပါးတစ်ဧက အစို၊ အခြောက် ပျမ်းမျှအထွက်နှုန်းများကို သိရှိနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး(လယ်စပါး) ၁၇၉၈၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထိခိုက်အပျက်စီးမရှိ ရိတ်သိမ်းနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သတင်းရရှိသည်။
မိုင်းရယ် (ပြန်/ဆက်)