မန္တလေး နိုဝင်ဘာ ၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ပါမောက္ခ ဦးခင်မောင်သန်း၏ မိသားစုနှင့် ဆယ်ကျော်သက်အရွယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းဆွေးနွေးပြီး Book Club ဥက္ကဋ္ဌ၊ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက ဆယ်ကျော်သက်အရွယ်ဆိုသည်မှာ အပြောင်းအလဲအလွန်များသည့် ကာလဖြစ်ကြောင်းနှင့် အရွယ်နှင့်လိုက်ဖက်သည့်ထိန်းချုပ်မှု၊ သင့်လျော်သည့်စည်းကမ်းပေးမှုများ ထားရှိပေးရမည့် အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့နောက် ဆရာမင်းမြတ်မိုး(မန်းမြေ)က ဆယ်ကျော်သက်တို့၏ တွေးတောစဉ်းစားမှုနှင့် အပြုအမူများ၊ စိတ်ခံစားမှုအမျိုးမျိုးနှင့် လွတ်လပ်မှုနှင့် တာဝန်ယူမှုများအကြောင်း၊ ဆရာကိုရင်ကျော်က ဆယ်ကျော်သက်အတွက်အရေးပါမှု၊ စွန့်စားမှုနှင့် ဘေးအန္တရာယ်၊ ဆရာမစိုးဝင်း(ဆသရ)က ဆယ်ကျော်သက်နှင့် အရက်၊ မူးယစ်ဆေးဝါးအသုံးမပြုစေရန်နှင့် အင်တာနက်သုံးစွဲသည့်နည်းစံနစ်များအကြောင်း အစရှိသည့်အကြောင်းအရာများကိုဆွေးနွေးရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)