စဉ့်ကိုင်မြို့နယ်၌ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

စဉ့်ကိုင်    နိုဝင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်ရာတွင် တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆီ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးသိန်းဟန်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများကြီးကြပ်ပြီး  စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူစာရင်းရှိ(၁၅၈)ဦး၊ ဖြေဆိုသူ(၁၄၉)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူစာရင်းရှိ(၁၉၃)ဦး၊ ဖြေဆိုသူ(၁၉၂)ဦး၊ စုစုပေါင်းလာရောက်ဖြေဆိုသူ (၃၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)