တိုက်ကြီး နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားသည်။ ဆက်လက်၍သင်တန်းသား ၅၀ ဦးအတွက် တူညီဝတ်စုံများနှင့်သင်တန်းတွင်အသုံးပြုရန် ဆေးသေတ္တာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအား အသီးသီးပေးအပ်သည်။
အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲ့၏ဥပဒေ၊ နည်းဥပဒေဘာသာရပ်များကို နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား ၅၀ ဦး တက်ရောက်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)