အမ်း နိုဝင်ဘာ ၇
အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူးဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းတို့ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းရှိ အသက်(၁၀)နှစ်အထက် နိုင်ငံသားကဒ်ပြားရှိသူမိသားစုဝင်များ၏ နိုင်ငံသားတစ်ဦးချင်း အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါတပ်ရင်းခန်းမတွင် ကောက်ယူလျက်ရှိသည်။
အဆိုပါ နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို အမ်းတပ်နယ်အတွင်းရှိ နယ်မြေခံအင်ဂျင်နီယာတပ်ရင်းမှ မိသားစုဝင်များအား ရုံးဖွင့်ရက်များတွင် အစုအဖွဲ့စုဖွဲ့ကာ အစုအဖွဲ့အလိုက် နေ့စဥ်နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ကောက်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)