ပင်းတယမြို့၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဇုန်အလိုက်အမျိုးသားဘောလုံးပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ကျင်းပ

ပင်းတယ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ၂၀၂၃ခုနှစ်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲအား ကျင်းပပြု‌လုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြိုနယ်မှပြိုင်ပွဲဝင်အသင်း (၈) သင်းနှင့် ရွာငံမြို့နယ်မှ (၅) သင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်းပေါင်း(၁၃)သင်းရှိကြောင်းသိရပြီး၊ ၎င်းပြိုင်ပွဲအား နိုဝင်ဘာလ ၁ ရက်နေ့မှ  ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ် ပေးသွား မည်ဖြစ်ကြောင်းနှင့် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ရွာငံမြို့နယ် မြို့မဇုန်အသင်းနှင့် ရွာငံမြို့နယ် ယကြီးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယကြီးဇုန်ဘောလုံးအသင်းမှ မြို့မဇုန်ဘောလုံးအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။

အောင်ကိုဦး(ပြန်/ဆက်)