ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်(၀မ်ဖွီး)ကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာမူလွန်(၀မ်ဖွီး)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး)ဦးလွှမ်းသူနောင်က အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေးတိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အကြောင်း၊ (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်‌ဝေဝေအောင်မှ ကျောင်းသား/သူများ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်သည်ဟု အသိပညာပေးဟောပြောကြားခဲ့သည်။

ယင်းနောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/ ကျောင်းသူများအား ပြသပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)