ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်းရာသီ စိုက်ပျိုး စရိတ်များ ထုတ်ချေးပေး

ကျောက်ဆည် နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင် ဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်များ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်းရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် ယာသီးနှံ တစ်ဧကအတွက် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု (၁၅) အုပ်စုမှ ယာသီးနှံ (၄၀၀၀) ဧကအတွက် ငွေကျပ် (၄၀၀၀)သိန်း လျာထားထုတ်ချေး ပေးလျက်ရှိရာ ကျေးရွာအုပ်စု(၄)အုပ်စုမှ တောင်သူ(၉၈)ဦးအား ငွေကျပ်(၃၉၃)သိန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည် ခရိုင်ဘဏ်ခွဲမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝ အဆင်ပေးစေရေး မိုးရာသီ စိုက်ပျိုးစရိတ်အဖြစ် ကျေးရွာအုပ်စု (၈၃) အုပ်စုမှ တောင်သူများအား ငွေကျပ် (၆၀၀၀၀) သိန်း လျာထားထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။

သက်မောင်(ပြန်/ဆက်)