ဝမ်းတွင်း နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်စာ-သင်္ချာ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ အခြေခံပညာ အထက်တန်းကျောင်း (သဲတော-ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူလေးများအား အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များတွင် ထူးချွန်တက်မြောက်ပြီး ကျောင်းသား ကျောင်းသူများရဲ့ ဥာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ဆရာကြီး ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ အင်္ဂလိပ်စာ-သင်္ချာ စွမ်းရည်ပြိုင်ပွဲတွင် Grade-5မှ Grade-9ထိ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အင်္ဂလိပ်စာ-သင်္ချာ စွမ်းရည်ပြိုင်ပွဲသို့ အုပ်စု(၁၈)အုပ်စု၊ အခြေခံပညာ ကျောင်းပေါင်း(၁၇၉)ကျောင်း၊ ဘကကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၈၂) ကျောင်းမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး Grade-5 မှ Grade-9 ထိ အတန်းတစ်တန်းလျှင် ကျား(၁)ဦး၊ မ(၁)ဦး ရွေးချယ်ကာ တိုင်းအဆင့်သို့ ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)