ပုဏ္ဏားကျွန်းမြို့နယ်၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ပုဏ္ဏားကျွန်း  နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြု၍ကောက်ယူလျက်ရှိသည်။

ထိုသို့ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက် ကောက်ယူရာတွင် အသက်(၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားကိုင်ဆောင်ထားသူများအား ကောက်ယူလျက်ရှိပြီးယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနှင့် ပြန်/ဆက်ဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား တစ်ဦးချင်းကောက်ယူခဲ့ပြီး၊ ကျန်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားဝင်များအား ရုံးဖွင့်ရက်နေ့တိုင်း  နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅) နာရီအထိ၊ တစ်နေ့လျှင်(၇၀)ဦးနှုန်းသတ်မှတ်၍ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)