မိုင်းယုမြို့၌ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများ အသိပညာပေး စာစောင်ပြသ

မိုင်းယု နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး နံရံကပ်စာစောင်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် သိထားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ရှောင်ရှားနိုင်သည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေးနှင့် လူမှုဘဝထိခိုက်နိုင်မှုများ စသည့် မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဓာတ်ပုံများ ထည့်သွင်းပြသထားကြောင်း သိရသည်။

အားချာ