အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖူဆယ်‌ဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေး  နိုဝင်ဘာ ၇

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံရှိ ဖူဆယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ညွှန်ကြားရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်း(၄)သင်းမှ ဖူဆယ်အားကစားသမားများ တက်ရောက်ကြသည်။

အစီအစဉ်အရ မနက်ပိုင်းတွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲများ ယှဉ်ပြိုင်ကစားကြပြီး ပထမဆုရအသင်းကို မန္တလေးတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်ကောင်း၊ ဒုတိယဆုရအသင်းကို ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်ကောင်း၊ တတိယဆုရအသင်းကို ညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူက ငွေသားဆုကိုလည်းကောင်း အသီးသီးချီးမြင့်ပေး အပ်သည်။ ထို့နောက် တိုင်းအုပ်ချုပ်ရေးမှူးက ဒိုင်အဖြစ်ကူညီဆောင်ရွက်ပေးကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြာင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)